AKyintSoe by nldlahq published on 2011-06-25T19:49:45Z သီချင်းရေးစပ်သီကုံးသူ ဆရာကြီး ရွှေတိုင်ညွန့် သီဆိုသူ စိန်ဂျွန်းထွန်းရွှေ ယနေ့ခေတ်ပြန်လည်သီဆိုသူ သန်းမြတ်စိုး ရေး- ရွှေတိုင်ညွှန့် ဆို- သန်းမြတ်စိုး အလုပ်လုပ်ရာဝယ် အစက သာရယ် အဆုံးထိအောင်ပင် မကြံချင်တယ် အား လျှော့တာရယ် ပေါ့ရော့တာရယ် အဲ့ဒါ အကျင့်ဆိုးတဲ့။ တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ် ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ် မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ် ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ် Cho: (ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ် သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ် ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ် သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ် အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် ) အလိုက်မသိတာတွေရယ် ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ် ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည် ဆရာ့ကိုလည်း ပစ်ခါပယ်၊ ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ မြန်မာနိုင်ငံကြီးကို တကယ်၊ ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။