Stats for this track
| This Week | Total | |
|---|---|---|
| Plays | – | 1348 |
| Downloads | – | 57 |
Uploaded by
ပူတာအိုထောင်က လွတ်လာတဲ့ တိုက်ကြီးမြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်တာဝန်ခံ ကိုအောင်ကျော်ဦးရဲ့ မိခင် ဒေါ်ခင်မာကြည်ဟာ မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညက သားဖြစ်သူနဲ့ တွေ့ ဆုံအပြီးမှာ ရုတ်တရက် ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်လောက်ကတည်းက လေဖြတ်ဝေဒနာရှိသူ ဒေါ်ခင်မာကြည်ဟာ သားဖြစ်သူ ရှိတဲ့ မြန်မာပြည်မြောက်ဖျားအဆုံးရှိ ပူတာအို ထောင်ကို လိုက်မတွေ့ နိုင်ခဲ့ဘဲ ၂၀၀၉ ခုနှစ် သားဖြစ်သူ တိုက်ကြီးမြို့ နယ်တွင် ရုံးထုတ်စဉ်ကပဲတွေ့ လိုက်ရပါတယ်။ ကိုအောင်ကျော်ဦးကတော့ မိခင် ဆုံးပါးခဲ့ရသည့် အတွက် စိတ်မကောင်းဖြစ်သော်လည်း အားလုံးပြန်လည်လွတ်မြောက်လာသည့် အတွက် တိုင်းပြည်ကောင်းကျိုးအတွက် မျှော်လင့်ချက်ကောင်းများ ထားနိုင်မည် ဖြစ်သဖြင့် ၀မ်းသာမိကြောင်းပြောခဲ့ပါတယ်။ဒေါ်ခင်မာကြည်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ ၂၀၀၇ လောင်စာဆီ ဈေးနှုန်းကြီးမြင့်မှုအတွက် ရွှေဂုံတိုင်ရှိ အဖွဲ့ ချုပ် ရုံးရှေ့တွင် သြဂုတ်လ အတွင်းက ဆန္ဒပြရင်း ကိုအောင်ကျော်ဦး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ သရက်ထောင်က လွတ်လာတဲ့ ကိုမင်းကိုနိုင် ကလည်း ကိုအောင်ကျော်ဦးရဲ့ မိခင် နာရေးကို ၀င်ရောက် အားပေးကူညီ မယ်လို့ သိရပါတယ်။

0 Comments
0 timed comments and 0 regular comments
Add a new comment